သခင်ကိုယ်တော်မှိုင်း
မှိုင်းဋီကာ(၂၂)
ပရမ်းပတာနိုင်လှတဲ့
ဖွတ်နလပိန်းငရမ်းမသာတွေရဲ့
လွတ်ငြိမ်းချမ်းသာခွင့်ဒါဏ်ကတော့ သံလျင်က ရဲနှစ်ယောက်တော့ မခံချင်စရာ
မဲပေါက်လို့သွားရှာပါပေါ့လား ကိုမင်းရာ။
ခဏတဖြုတ်
ဘုရင်လိုစံကာ ကောင်းစားဖို့အရေး
ဓားပြတရုတ်တွေကို
ဖင်ခံကာ ပေါင်းထားခဲ့ရတော့ ရှိသမျှ သယံဇာတ တွေကိုလည်း မချိမလှ
မတန်တဆဈေးနဲ့ ပေးခဲ့ရ သစ်ပင်ဆိုရင်
အမြစ်ပင် မကျန်အောင်တူးသွားကြ
သဘာဝဓာတ်ငွေ့ဈေးဆိုတာက
ကမ္ဘာပတ်ရှာတောင်မတွေ့သေးနိုင်ဘူး
ဖျံကျတဲ့ခွေးတရုတ်တွေကို
မတန်တဆဈေးနဲ့
ပေးထုတ်ရသဟဲ့။
ဂျပိုးတရုတ်တွေ
ခိုးထုတ်သွားကြတော့
ပတ္တမြားကျောက်စိမ်းတို့ကလည်း
အလကားလောက်နဲ့ ကောက်အသိမ်းခံလိုက်ရသလိုပ့ါ။
တောတွေကပြောင်သလင်းခါတော့
တောနေအကောင်တစ်သင်းတို့မှာလည်း
တောဝနေကမ္ဘာကိုရှောင်ကွင်းလို့
တောခြေရွာဆီ
ယောင်ဆင်းလို့လာကြပြန်တော့
နှောင်ကျဉ်းဖွဲ့ အဖမ်းခံရပြီး
ချမ်းသာပေးဖို့မကြံကြပဲ
ပရမ်းပတာဈေးနဲ့အနှံခံကြရသမို့
တိရိစ္ဆာန်မှန်သမျှ
နိမိတ်သဏ္ဍာန်ကိုလှန်ပြရမယ်ဆိုရင် နှောင်းလာမယ့်
ကျုပ်တို့သူငယ်ကလေးတွေအတွက်
အဟုတ်တကယ်တွေးလိုက်တော့
အ ရုပ်ရယ်သာ ရေးပြကြရတော့မယ့်ကိန်းပေပ ကိုမင်းရာ။
တိုင်းမြန်ပြည်ကြီးမှာဖြင့်
နှိုင်းစံလို့မမှီပါတကယ်
တရုတ်ခရိုနီသူခိုး မသာတွေကြောင့်
အဟုတ်မစိုပြည်
ညှိုးကာ ရှုံးရှာလိုက်တာ
အဆင်းရဲဆုံး နံပါတ် နှစ်ရာ့သုံးမှာ
အကြံကြပ်ကာ ဘ၀ပါဆုံးရှာပါပေါ့လား ကိုမင်းရာရဲ့။
တရုတ်အဖေကို
ဖုတ်တစ္ဆေလိုကြောက်တာကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေး
အမြစ်တည်ရေးကို
မချွတ်ထိန်းထမ်းကာထားရပါသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး
စနစ်ဆိုး မှား ယုတ်ပုံများတော့
သစ်ခိုးသမားတရုတ်တွေကိုတောင်
ရှိခိုးပြီးများ ထုတ်ပေးရသဟဲ့။
သူခိုးတရုတ်တွေကို
လွှတ်ချင်တော့ ဆိုးယုတ်တဲ့
ဂျပိုးငရှုတ်တွေကိုပါ
ဇွတ်တမင် လွှတ်လိုက်တော့
ငချွတ်တစ်သိုက်ရဲ့ စွတ်မိုက်တဲ့ဒါဏ်ကို ပြည်သူတွေသာ
ခံရတာမဟုတ်ပဲ
ရာအိမ်မှူးလည်း မကျန် ရဲတွေပါ ခံကြရသဟဲ့။
သြော်-အခက်တွေဗလဗွနှင့်
ရတက်ပွေအခြေမလှလှတဲ့
ကံကြမ္မာအတည်မကောင်းတဲ့
မြန်မာပြည်သူအပေါင်းကိုဖြင့်
စနစ်မကောင်းတဲ့သည်အမှုကိုတော့
ဖြစ်ပျက်ဘက်ပြောင်းလို့သာရှုကြပေတော့ဟဲ့လို့
မှိုင်းသခင်ဆရာ
တိုင်းခွင်တကာကို မေတ္တာစာခွေ
ဆက်သကာချွေလိုက်ချင်တော့သပါ့ ကိုမင်းရာ၊
No comments:
Post a Comment