သခင်ကိုယ်တော်မှိုင်း
မှိုင်းဋီကာ(၂၄)
ဘယာသီကာ တမြေ့မြေ့ဆွေးနေရတဲ့ မြန်မာပြည် ရှေ့အရေးကို ကမ္ဘာဆီ
ရွှေ့ပေးမယ့် ၀ဠာဟီမယ့်
နေ့ကလေးကတော့ တရွေ့ရွေ့နဲ့
မဝေးတော့ပါလား ကိုမင်းရာ။
တိုင်းမြန်ပြည်
အရေးထောက်လိုက်တော့
နှိုင်းစံမမှီအောင် ပေးမလောက်တဲ့ ခွေးသပေါက်အမဲတွေကြောင့်
အကြွေးမောက်ကာမွဲနေရသမို့
ဘေးပေါက်ကနေလည်း
မဆွဲစေနဲ့ဟဲ့
အပေးမှောက်လို့လည်း မလွဲစေကြနဲ့
မအေးပေးတွေနှောက်လို့လည်း
မကွဲကြစေနဲ့ဟဲ့
သွေးသောက်ကာ မြဲကြပါကွဲ့
ချွေးပေါက်တွေကျလို့လည်း
မလဲစေနဲ့ဟဲ့
ဖေးထောက်ကာ တွဲကြပါကွဲ့
ကြိုတင်ကာ
တွေးထောက်လို့သာ နွှဲကြပါစို့ရဲ့ နိုဝင်္ဘာ ရွေးကောက်ပွဲ။
မဘသ မဘသနဲ့
အစက မရှိပါဘူး ကိုမင်းရာရဲ့
မဟုတ်တမ်းတရားတွေနဲ့တွဲပြီး
နှုတ်ကြမ်းစကားကြမ်းတွေနဲ့
ဆဲတဲ့ မွတ်ကုလားမုန်းတဲ့
ဖွတ်ကျားကတုံးနဲ့ပေါင်းပြီး
ငတိငနဲတွေ ပြုတ်ဆော်နံကာမှ ထုတ်ဖော်ကာ
ကြံဆလာပြီး
ပြည်သူတွေ
သွေးကွဲသွားစေဖို့ ရေးဆွဲကာထားတာမို့
ခွေးငနဲသားတွေရဲ့စကား
အတွေးလွဲလို့များ
မမှားလိုက်ကြပါနဲ့
အသဲကြားက မဲတစ်ပြား
ကို
ပဲ့ထုတ်လို့
မပြေးစေနဲ့ဟဲ့
အဖွဲ့ချုပ်ကို ပေးပါမှ ငပဲ့ ငယုတ်တွေဘေးကနေ
တကယ့်အဟုတ်ဝေးရမှာမို့
ဖွတ်အပေါင်းတစ်သိုက်ပြုတ်ဖို့
ခွပ်ဒေါင်းနဲ့
တိုက်ထုတ်ကြပါစို့ရဲ့လို့
မှိုင်းသခင်ဆရာက
တိုင်းခွင်တကာကို
ပြည်မြန်မာ
အကျိုးမျှော်လို့ နှိုးဆော်စာ
ဆင့်လိုက်ရပါတယ် ကိုမင်းရာ။