Thursday, February 26, 2015

ဗဟုသုတ

ပုဂံကျောက်ဖြုန်း ဥတစ်လုံး ဟုဆိုသော ငယ်စဉ်က ကျောက်ရူးရောဂါရှိသော။ကြက်တိုက်ငှက်တိုက် ချိုးထောင်ငှက်ထောင် ဝါသနာကြီးလှသော ပုဂံမင်းကြီးသည်
ညီတော်မင်းတုန်းမင်း၏နန်းချခြင်းကို ခံရသောအခါ ညီတော်မင်းတုန်းမင်းအား ညီတော် ဘုရင် ကြာကြာလုပ်ချင်ရင် ဂွေးလုံအောင် ထိန်းကွဲ့ ဟု မှာတော်မူရှာသည်။
ပုဂံမင်းကြီး မှာခဲ့သော ဂွေး လုံအောင်ထိန်းဆိုသည်မှာ မကွေးမင်းကြီးဦးကြာဥကို ရည်ညွှန်းပြောဆိုခြင်းဖြစ်၏။
မကွေးမင်းကြီသည်
သာယာဝတီမင်းကြီး စိတ်ဖောက်ပြန်
သွားသောအခါ ပုဂံမင်းကို ထီနန်းရစေရန် ကူညီခဲ့၏။မင်းတုန်းမင်းက ပုဂံမင်းကို တိုက်ခိုက်ရာ အမရပူရမြို့တွင်းမှ မင်းတုန်းမင်းကို ကူညီပေးခဲ့၏။မြင်ကွန်းမြင်းခုန်တိုင်အရေးအခင်း၌ မင်းသားညီနောင်ဘက်မှ ကူညီပြန်၏။မင်းတုန်းမင်းကြီး စိတ်ထားပြည့်ဝသောကြောင့်
အသတ်မခံရပေ။

No comments:

Post a Comment