၁၂၊သဲထောင်းရွာ
ကျွန်ုပ်ဖတ်ရှုခဲ့ရသော
ပုရပိုက်တွင် ၁၂၃၈ခု၊၁၂၄၆/၁၂၄၇ခုနှစ် ရွှေကျင်၁၃ရွာစာရင်း၌ သဲထောင်းရွာကို တွေ့ရသည်။
ထိုပုရပိုက်များအရဆိုသော် ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင်း
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန်း(တဆန်း)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။
ထိုပုရပိုက်များအရဆိုသော် ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင်း
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန်း(တဆန်း)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။
၁၂၄၁ခု
ပုရပိုက်စာရင်းတွင်လည်း သဲထောင်းရွာ အိမ်ထောင်စုစာရင်းနှင့် ဆောက်စာရင်းကိုလည်း
တွေ့ရှိရသည်။
၁၂၄၁ခုနှစ်
ပုရပိုက်တွင် သဲထောင်းရွာ၌ အိမ်ခြေ ၁၂ အိမ်ရှိသည်ကို တွေ့ရ၏။
အဆိုပါ ပုရပိုက်
စာရင်းအရဆိုသော်
ငစိန်ဘေ
မယား မိလှိုင်
ငတောံ မယား
မိမှို
ငကျော် မယား
မိလယ်
ငချိန်
မယား မိဖြူ
ငအုပ် မယား
မိကုံ
ငအောင်ကြီး
မယား မိမိ
ငရွှေကြီး
မယား မိဆီ
မိခို သား
ငထွန်းသာ
ငချိုင်
မယား မိနွဲ့
မိထိုက်
သား ငငယ်
ငချိန် မယား
မိတပ်
ငသက်ရှည် မယား မိမိ ဟူ၍ တွေ့ရ၏။
အခြား
ပုရပိုက်တစ်ခုတွင် သဲထောင်းရွာ ဆောက်စာရင်းကိုလည်း တွေ့ရပြန်သေးသည်။အဆိုပါ
ပုရပိုက်အရဆိုသော်
သဲထောင်းရွာ
ဆောက်စာရင်း
ကြိုးကျာအက်တော
ရေပြာချောက်တော
မချည်းအိုက်တော
ရွာရင်းတော
ပကားတော
ဝါခင်းအိုင်တော
ဟူ၍ တွေ့ရသည်။
သဲထောင်းရွာကို
၁၂၄၆/၁၂၄၇ ရွှေကျင် ၁၃ရွာ စာရင်းတွင် တွေ့နေရသေးသဖြင့် ဤရွာသည် သီပေါမင်း
ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ လက်ထက်ကျမှ ပျောက်ကွယ်သွားဟန်တူသည်။အင်္ဂလိပ်အစိုးရသည်
ရွာများကို အုပ်ချုပ်မှု လွယ်ကူစေရန် ရွာတစ်ရွာလျင် အိမ်ခြေ ၂၀ရှိရမည်ဟု
အမိန့်ထုတ်ခဲ့သည် ဟု ဆို၏။အဆိုပါ အမိန့်ကြောင့် ဤရွာငယ်ကလေးသည်လည်း အခြားနီးစပ်ရာ
ရွာတစ်ခုသို့ ပေါင်းသွားသည်ဟု ယူဆရပေသည်။
သဲထောင်းရွာကား
ကြောင်ဆင်းအိုင်ရွာမှ ခင်မင်၊ရွာငယ်သို့ သွားရာလမ်းဘေး၌
တည်ရှိခဲ့သည်။ကြောင်ဆင်းအိုင်ရွာ၏
အနောက်တောင်ဘက်
သုံးလေးမိုင်ခန့်အကွာ ကျီးစားချောင်း၏ တောင်ဘက်ကမ်းတွင်
တည်ရှိသည်။လက်ရှိအချိန်တွင် ရွာဟောင်းကုန်းနေရာ၌ ထန်းပင်ကြီး သုံးပင်သာ
ကျန်ရှိတော့သည်။ယခင်က ဘုရားတစ်ဆူရှိခဲ့ရာ ကျီးစားချောင်း တိုက်စား သွားသဖြင့်
ယခုအခါ ဘာမှ မကျန်ရှိတော့ပေ။အဆိုပါ ဘုရားဌာပနာမှ ရရှိသည်ဆိုသော
လက်ကောက်တစ်ကွင်းကို ကြောင်းဆင်းအိုင်ကျေးရွာ ဘုရားတွင် ဌာပနာခဲ့သည်ဟု ဆိုကြသည်။လမ်းတစ်လျှောက်တွင်
ဒေသခံတို့၏ အသက်မွေးဝမ်းကြောင်းမှု တစ်ခုဖြစ်သော သစ္စေထိုးခြင်း လုပ်ငန်းကို
လေ့လာနိုင်ပါကြောင်း၊
(သဲထောင်းရွာဟောင်းနေရာအား
လိုက်လံ ပြသပေးသော ကြောင်ဆင်းအိုင်ရွာမှ ကိုမြတ်ရှိန်း အား ကျေးဇုး
အထူးတင်ပါကြောင်း)
ဤသို့ဆိုသော်
ကျွန်ုပ်တို့ ကံထူးမ ပတ်ဝန်းကျင်၌ တချိန်က အကျဉ်းအားဖြင့်
၁။ရာဇဂြိုဟ်
၂။ကျွဲခိုး
၃။မြို့ထင်
၎။ငွေပေါင်
၅။အုန်းပင်ကျယ်
၆။ဘော်က
၇။နွားကောင်တင်
၈။သုံးထောင့်
၉။အုန်းကုန်း
၁၀။အင်းပက်လက်ရွာ
၁။ရာဇဂြိုဟ်
၂။ကျွဲခိုး
၃။မြို့ထင်
၎။ငွေပေါင်
၅။အုန်းပင်ကျယ်
၆။ဘော်က
၇။နွားကောင်တင်
၈။သုံးထောင့်
၉။အုန်းကုန်း
၁၀။အင်းပက်လက်ရွာ
၁၁။ရကဲရွာ
၁၂။သဲထောင်းရွာ
တို့
ရှိခဲ့ပါကြောင်း ပုရပိုက်ပုံကြီးကို မွှေနှောက်ဖတ်ရှုခဲ့သမျှ ကိုယ့်နယ်သူနယ်သားများ
ဗဟုသုတ အလို့ငှာ မျှဝေရေးသားလိုက်ရပါကြောင်း။ အားလုံးဝိုင်းဝန်း ဖတ်ရှုပေးကြသဖြင့်
အထူးကျေးဇူးတင်ပါကြောင်း။။။
No comments:
Post a Comment