ကလေးစကား၊အရူးစကား။သဘင်သည်စကား တဲ့။
ကလေးတွေကလည်း ဘယ်ကဘယ်လို စိတ်ကူးရလို့ ဆိုကြတယ်မသိ။သူတို့ဆိုတဲ့ သီချင်းတွေက ရှေု့ဖြစ်တော့မယ့် ဟာတွေကို ပြောပြနေတာပဲ။၂၀၀၇ မတိုင်ခင်က ကျုပ်ကလေးတွေ အားနေရင်
ရဲဘော်တွေတန်းစီ
ဗိုလ်ကြီး အီးပေါက်သည်
ရှေ့ဆုံးကရဲဘော်
ခါချဉ်ကိုက်လို့အော်
နောက်ဆုံးကရဲဘော်
အီးပေါက်လို့အော်။
ရဲဘော်တွေ တန်းစီဆိုတဲ့အတိုင်း ဘုန်းကြီးတွေရော စစ်သားတွေရော မြို့ထဲမှာ တန်းစီကုန်တာပဲ။ခါချဉ်က အနီေ၇ာင် ဘုန်းကြီးတွေပဲ ညွှန်းသလား ပဲ။
မြစ်ဆုံကိစ္စကြတော့ မင်းကွန်းဘက်က ကလေးတွေဆိုကြပြန်ရော။
ဝက်သားစားလို့ ဗိုက်နာ
ဧရာဝတီ မကြိုက်ပါ တဲ့။သူတို့ဆိုနေတာက အရှည်ကြီး။အကုန် မမှတ်မိလိုက်ဘူး။နိုင်ငံခြားသား
။သဘင်သည်ဆိုတာက အခုခေတ်တော့ ရုပ်ရှင်လောက အဆိုတော်လောက
အားလုံးကို ညွှန်းဆိုတာပေါ့။အနုပညာသည်တွေရဲ့
အသုံးများလာပြီဆိုရင်တော့ တဘောင်ဖြစ်ရောပဲ။လာမယ်ကြာမယ် လာမယ်ကြာမယ်နဲ့ နိမိတ်မရှိ နမာမရှိ ပြောခဲ့ကြတာ
အခုထိ ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီ ရောက်မလာသေးဘူး။
သေပြီဆရာ သေပြီဆရာ ဆိုတော့ ဗိုလ်ခင်ညွန့် ပြုတ်သွားပါလေရောလား။
အိုလေ့ လုပ်ပါဟေ့ ရေအိုးလေး လုပ်ပါဟေ့ တဲ့။
သောက်ကျိုးနည်း အဲဒီတုန်းက မန္တလေးမှာ လောင်လိုက်တဲ့မီး။ရေအိုးလေး လုပ်ပါဟေ့ ဆိုပြီး ဆိုကြတော့ ရတနာပုံဈေးကြီးပါ ပါသွားပါလေရောလား။
အဲဒီတုန်းက ရန်ကုန်က ကျုပ်ဆရာဆီကို ဒါတွေ မဖြစ်ခင်ကစ ဒိအကြောင်းတွေကို အင်္ဂလိပ်လို ရေးပို့ပေးထားတယ်။အိမ်မှာတောင် ကော်ပီရှိသေးရဲ့။အခုတော့ ကျုပ်ဆရာ ဦးတင်မောင်လွင်လည်း မရှိရျာတော့ပါဘူး။ဆရာရေ အိုလေ့ ဆိုတာ အုမေဋိတ် အမလေး လို့ပြောတာ လုပ်ပါဟေ့ ဆိုတာ လုပ်ကြပါဦး ကယ်ကြပါဦးလို့ ပြောတာ။ဆိုးဆိုးဝါးဝါးကြီးတစ်ခု
အခုတော့ ဘယ်ဘိသိတ်ဆရာက စပ်ဆိုလိုက်တယ် မသိပါဘူး။
ပေါ် ပေါ့် ပေါ် မလုံ မလုံ
ပေါ် ပေါ့် ပေါ် မလုံ မလုံ တဲ့။
တစ်ခုခုကိုတော့ ပြောနေတာပဲ။
ဒင်းတို့ ရှုပ်ခဲ့သမျှ
ဒင်းတို့ ဖွနေသမျှ
ဒင်းတို့မွှေနေသမျှု
အကုန်လုံး မလုံတော့ဘူး ပေါ်တော့မှာ လို့ပဲ ပြောချင်သလားတော့ မသိတော့ဘူး။
တိုင်းသူပြည်သားအပေါင်းတို့ သတိရှိရှိ နဲ့ နေနိုင်ကြပါစေ။
No comments:
Post a Comment