Friday, September 12, 2014

ကံထူမ ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ကျေးရွာများ(၁၁)

ကံထူမ ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားသော ကျေးရွာများ

၁၁။ရကဲရွာ

ဆရာကြီးဦးကျော်ရှင်း၏ ရွှေအလယ်ကြောင်းစာအုပ်တွင်၁၁၄၅ခု ဘိုးတော်ဦးဝိုင်စစ်တမ်းအရ ရွှေကျင်၁၃ရွာကို
၁။မြေခု
၂။ဇီးပေါက်
၃။အင်းပက်လက် 
၎။နွားကူး 
၅။တောင်ကြောင်း
၆။ရေရှင် 
၇။တဆန်း 
၈။ခင်မင် 
၉။ရငယ်
၁၀။အင်းကြီး 
၁၁။ကန်သစ် 
၁၂။အင်းရှေ 
၁၃။ရကဲဟူ၍ဖြစ်သည်။

သို့သော် ကျွန်ုပ်ဖတ်ရှုခဲ့သော ပုရပိုက်တွင် ၁၂၃၈ခု၊၁၂၄၆/၁၂၄၇ခုနှစ် ရွှေကျင်၁၃ရွာစာရင်းတွင် ရကဲ မပါဝင်တော့ချေ။
နွားကူးတောင်ကြောင်းမှာ တစ်ခုထဲ ဖြစ်သွားပြီး သဲထောင်နှင့် ကြောင်ဆင်းအိုင်တို့ ပါရှိ၏။ ထိုပုရပိုက်များအရဆိုသော်
ရွှေကျင် ၁၃ ရွာမှာ
၁။အင်းကြီး
၂။ခင်မင်
၃။ရွာငယ်
၎။သဲထောင့်
၅။အင်းပက်လက်
၆။ဇီးပေါက်
၇။ကန်သစ်
၈။အင်းရှည်
၉။မြေခု
၁၀။ရေရှင်
၁၁။နွားကူးတောင်ကြောင်း
၁၂။ကင်းဇန် (တဆန်းဖြစ်မည်)
၁၃။ကြောင်ဆင်းအိုင် တို့ဖြစ်သည်။

ရကဲရွာသည် အင်ရေအိုးရွာဒအနောက်တောင်ဘက်။ပန်တိမ်ကုန်းရွာ၏တောင်ဘက်။ရကဲဆည်၏အနောက်တောင်ထောင့်၌ ရှိခဲ့သည်။ယခုလက်ရှိတွင် ဘုရားသုံးဆူနှင့် ကျင်ငယ်အိမ်ဟု .ယူဆရသော လေးထောင့် အုတ်ရိုးကလေး ဘုရားသုံးဆူတန်၏ အနောက်ဘက်တွင် ခြုံနွယ်များ ဖုံးလွှမ်းလျက်တွေ့ရသည်။ဘုရားပတ်ဝန်းကျင်တွင် ရှင်းလင်းနေပြီး လေးဘက်လေးတန်တွင် အင်တိုင်းတောဖြင့် ဖူံးလွှမ်းလျက်ရှိသည်။ 
ဘုရားသုံးဆူမှာ တောင်ဘက်နှစ်တူသည် အကောင်းပကတိရှိနေပြီး မြောက်စွန်ဆုံး အဆူမှာ ပျိုကျ ပျက်စီးနေပြီး ခြုံနွယ်များ ဖုံးလွှမ်း၍ နေသည်။ကံထူးမ နယ်သူနယ်သားများ သွားရော၍ ပြုပြင် ထိန်းသိမ်းသင့်လှ၏။
ရှေကေ၇ွှကျင်၁၃ရွာအ၀င် ရွာတစ်ရွာ ဖြစ်ခဲ့၍ သမိုင်းဝင်နေရာတစ်ခုပင်။သမိုင်းကို လေ့လာသူများ သွားရောက်၍ လေ့လာနီုင်ပါသည်။ နယ်သူနယ်သားများ ဘုရားများကို သွားရောက်ဖူးမှော်နီုင်ပါသည်။စေတနာ သဒ္ဒါ တရား ထက်သန်ပါက ထုံးသင်္ကန်းကပ်၍ ကုသိုလ် ယူနှိင်ပါကြောင်း ။


No comments:

Post a Comment