စားသောက်ဆိုင်လေးထဲကို
တိုးရစ်ကြီးတစ်ဦး ညစာစားဖို့ ရောက်လာတယ်။အဲဒီမှာ စားပွဲထိုးမလေးက အင်္ဂလိပ်လို နှုတ်ဆက်ပြီး
လူကြီးမင်း ဘာများ အလိုရှိပါသလဲရှင် လို့ဆိုတော့ တိုးရစ်ကြီးက လဗြဲ တဲ့။စားပွဲထိုးမ
အပျိုလေးလည်း ရှက်သွားတာပေါ့။ဒါနဲ့ ဆိုင်မန်နေဂျာဆီ သွာပြီး တိုးရစ်ကြီးက သူ့ကို မကြားဝံ့မနာသာဆဲတယ်ဆိုပြီး
ငိုတိုင်ပါလေရော။ မန်နေဂျာကလည်း တိုးရစ်ကြီးက မဆဲတတ်လောက်ပါဘူး။ညီး နားကြားမှားတာနေမှာပါ
ဆိုပြီး တိုးရစ်ကြီးဆီ လိုက်လာပြီး လူကြီးမင်း ဘာများ သုံးဆောင်ချင်ပါသလဲ ခင်ဗျာ ဆိုတော့
တိုးရစ်ကြီးက လဗြဲ တဲ့။အဲဒီကျတော့မှ မန်နေဂျာက ဟ ကောင်မလေးရ
ဘီယာ လို့
ပြောတာဟ တဲ့။ ပြင်သစ်တိုးရစ်ကြီးဆိုတော့ ပြင်သစ်လို ပြောလိုက်တာပေါ့။ပြင်သစ်စကားနဲ့
လဗြဲ ဆိုတာက ဗမာလို ဘီယာ လို့ ဆိုသတဲ့လေ။
ညီတော်နောင်တော်များ ဘီယာသောက်တိုင်း လဗြဲကို သတိယပါလေ။