Friday, January 23, 2015

ပြုံးတော်မူ(၂၈)


ကျုပ်တို့ ဘုန်းကြီးကျောင်းသားဘဝ
တုန်းက သင်္ကြန်တို့လို အခါကြီး
ရက်ကြီးမျိုးမှာ ရွာလုံးကျွတ် ဥပုသ်
စောင့်ကြတာဆိုတော့ ဝက်သားဟင်း
တွေကလည်း အလျှံပယ်ပေါသဗျ။
ကျုပ်တို့တစ်တွေလည်း အဲဒီလို အချိန်ရောက်မှ အူစိုသပေါ့ဗျာ။ပိုတဲ့ ဝက်သားတွေကို ကျုပ်အမေ့အိမ်က ဒါန်အိုးကြီးငှားပြီး ဇီးဖြူသီးခြောက်နဲ့
ရော နေ့တိုင်းပြန်နွှေးပြီး ဘုန်းကြီး
ဆွမ်းဟင်းကပ်ရတာကိုး။ကိုရင်ကြီးဖိုးပုကတော့ နေ့ည ဟင်ပြန်နွှေးရတဲ့ တာဝန်ယူရတယ်။သူကတော့ ဟင်းနွှေးရင်း မြည်းမြည်းကြည့်ရင်း စားရသကိုး။ဘုန်းကြီး မသိအောင်ပေါ့။ကျုပ်တို့လည်း စားချင်ရင် ကိုရင်ကြီးခိုင်းတာ လုပ်ပေးရသပေါ့။အဲဒီလို ဝက်သားအိုးနွှေးပြီဆို ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေ ရွာထဲက ဦးငမော်ကို သွားပြီး သတိယမိ
ကြသဗျ။သူကလည်း ဘိုးလှဘော်နဲ့ အတူတူပဲ။မိန်းမက သုံးယောက်
တောင်ရှိတာ။ချင်ပေါင်ရွက်သည် မောင်မှိုင်းသေလို့ ဝင်စား
လာသလားပဲ။
ရွာထဲက ဦးငမော်ကြီးကလည်း ငယ်တုန်းက ကျုပ်တို့လို ဘုန်းကြီး
ကျောင်းသား လုပ်ခဲ့ရတာကိုး။
ဘုန်းတော်ကြီး ဦးသုန္ဒရလက်ထက်
ကပေါ့။သူကလည်း အဆော့က နံပါတ်တစ်ပဲ။တစ်ရက်မှာ တစ်ခြားရွာက လူကြီးတစ်ယောက်က ဘုန်းကြီးလာပင့်တော့ စီးလာတဲ့ မြင်းကို ကျောင်းဘေးမှာ ချည်ပြီး ကျောင်းပေါ် တက်သွားရော။အဲဒါကို ဘုန်းကြီးကျောင်းသား မောင်ငမော်က မြင်းစီးမယ်ဆိုပြီး မြင်းကြီးပေါ် တက်ခွပြီး မောင်းတာပေါ့။
မြင်းဇက်မကိုင်တတ်ပဲ တက်စီးတော့ မြင်းကြီးက ဘုန်းကြီး ကျောင်းအောက် ဝင်ပြေးရော။မြင်းကြီးကျောင်းအောက်ဝင်လို့ ဇက်ကြိုးဆွဲလေလေ မြင်းက ပြေးလေလေ။ရှေးတုန်းက ဘုန်းကြီး
ကျောင်းက ခပ်နိမ့်နိမ့်ကို။
မောင်ငမော်က မြင်းပေါ်ကဆိုတော့ မြင်းကပြေးလေ သူ့ခေါင်းနဲ့ ကျောင်းက မိချောင်း
ယက်မတွေနဲ့ တိုက်လေလေ။
မောင်ငမော် မြင်းစီးကောင်းလိုက်တာ ခေါင်းကို ကွဲရောတဲ့။
အဲဒီ ဦးငမော်က ကျုပ်တို့လို ဝက်သားအိုး နွှေးရသတတဲ့။
ဘုန်းကြီးကလည်း သူ့ဝက်သားဟင်း လျော့လျော့ သွားလို့ မသင်္ကာတော့ ချောင်းနေတာပေါ့။ဦးငမော်
ကလည်း ဝက်သားဟင်းနွှေးရင်းနဲ့ ထုံးစံအတိုင်း ခိုးစားတာပေါ့။ဦးငမော် ဝက်သားတုံးကြီးအစားလိုက် ဘူန်းကြီးက ကျောင်းပေါ်ကနေ ငမော် လို့ ခေါ်လိုက်ရော။
ဦးငမော်လည်း ဝက်သားတုံးကြီးက ပါးစပ်ထဲမှာဆိုတော့ ထူးလို့က မရဘူး။အဲဒါနဲ့ ဝက်သားတုန်းကြီး ပျာရိပျာယာ မျိုချတော့ ဝက်သား
တုန်းကြီးက လည်ပင်းမှာ နင်နေရော။
ခဏနေမှ ဂွတ် ဘုရား လို့ ပြန်ထူးနိုင်သတဲ့။

Monday, January 19, 2015

ဗဟုသုတ

သီချင်းတွေကလည်း ဘာတွေဆိုကြတယ် မသိဘူး။ခေတ်ကာလ ကောင်လေး ကောင်မလေးတွေကလည်း ဝတ်လိုက်ကြတာ အကွဲနဲ့ အပြဲချီးပဲ။
နိမိတ်တွေပေါ့လေ။ကွဲကြပြဲကြဦးမှာ။
အခုလည်း ဘယ်နားရောက်ရောက် ကြားရပြန်ပြီ။သောက်ကျိုးတော့ နည်းကုန်တော့မှာပဲ။
တော်တီနောင် တော်တီနောင် တော်တတီတီနောင် တဲ့။
တတော်တော်တတီတီနဲ့ အသံထွက်တာတော့ စစ်ခရာမှုတ်တဲ့ အသံပဲရှိတယ်။
ဟာ ဒါဆိုရင် သောက်ကျိုးနဲ ဘုရားဘုရား မတွေးဝံ့စရာပဲ။

ပြုံးတော်မူ(၂၇)

ဒုတိယနှစ်ဂုဏ်ထူးတန်းတက်ဖို့ ဆိုင်းတောင်မှာ လက်သမားလုပ်ပြီး ကျောင်းးရိတ်ရှာတုန်းက မရမ္မိ ကျက်ဆူကန်ဘက်က လူတွေနဲ့ အတူလုပ်ခဲ့ရတယ်။လက်သမားလုပ်
်ရင်း ဟိုပြောဒီပြောနဲ့ သူတို့ရွာက ဦးကြီးမိုး ဈေးရောင်းတဲ့ အကြောင်း
ရောက်သွားတယ်။ဦးကြီးမိုးဆီ အမျိုးသမီးတစ်ဦးက ဈေးလာဝယ်
တော့ အမျိုးသမီးကလည်း ဈေးက
အတင်းဆစ်တော့ ရောင်းလို့ မကောင်းဘူးပေါ့။အဲသည်တော့ ဦးကြီးမိုးက ပြောတယ်တဲ့။
ကဲ သည်လိုလုပ်ကွာ။တူမကြီးလည်း ခံသာအောင် ဦးကြီးလည်း အရင်းရောက်အောင် တူမကြီးက ရှေ့နည်းနည်းတိုးပေးကွာ တဲ့။
ဟီးဟီး အတော်ဆိုးတဲ့ ဦးကြီးမိုးနှယ်
ဝယ်ရင်းဈေးရောက်အောင် ရှေ့နည်းနည်း တိုးပေးလို့ ပြောတာတဲ့။

ပြုံးတော်မူ(၂၆)

ကျုပ် ညီတော်မောင်က ကိုကြီးရေ ဦးလှဘော်အကြောင်းလေး ရေးပေးပါဦးတဲ့။ကျုပ်တို့ကတော့ ဘိုးလှဘော်ခေါ်ခဲ့ရသပေါ့။သူကလည်း ချဉ်ပေါင်ရွက်သည် မောင်မှိုင်းနဲ့ အမျိုးတော်ဟန် တူရဲ့။သွားလေရာ မိန်းမရရပါလို၏လို့များ ဆုတောင်းခဲ့ လေသလားပဲ။ရွာမှာလည်း ၃ယောက်။
မိုးမိတ်ဘက်မှာက တစ်ယောက်။
ပြင်ဦးလွင်မှာ တစ်ယောက်။ဒါတောင် ကျုပ်မသိတာတွေ ရှိချင်ရှိဦးမှာ။
တစ်ရွာတစ်ကျီဆောက်ဆိုတာ 
ဘိုးလှဘော် တို့ကို ခေါ်လေရော့
သလားပဲ။ကျုပ်တို့ ကလေးဘဝက ရွာက သူ့ရဲ့ဒုတိယမယား ဒေါ်မိရံ
လမ်းသွားရင်း လဲသေသွားပြီး မကြာဘူး သူ့သမီးအရွယ်လောက်
ရှိတဲ့ ဒေါ်နွားတင်နဲ့ ထပ်ယူပြန်ရော။
အသက်၇၀ကျော်မှ မွေးလိုက်တဲ့
ကလေးကလည်း ဘယ်နှစ်ယောက်
မှန်းတောင် မသိဘူး။
ကျုပ်ဘုန်းကြီးကျောင်းသားဘဝက ကျောင်းကို ဥပုသ်လာစောင့်တော့ ကျုပ်နဲ့ ကျုပ်အကို ဝမ်းကွဲ စိုးတင့်တို့ သူတို့လူကြီးတွေနားသွားပြီး ဟိုမေးသည်မေးနဲ့လုပ်တာပေါ့။စိုးတင့်က မေးတယ်။အဘိုး ညကြရင် မိန်းမကြီးနဲ့ အတူဖက်အိပ်ပြီး
ဟိုဒင်းပြုတုန်းပဲလားဆိုတော့
ဟာ သည်ကောင်လေးတွေ
ဥပုသ်သည်ကို ဘာတွေလာမေး
မှန်းမသိဘူး။အိမ်ပြန်ချင်စိတ်ပေါက်
်လာအောင် ။သွားကြစမ်း ဆိုလို့ ကျုပ်တို့လည်း ထွက်ပြေးခဲ့ရတယ်။
ကျုပ်တို့ကလေးတုန်းက ပစ္စည်း
ပစ္စယက အသေရှားကိုး။
ဘာလေးညာလေး ရချင်ရင် ဘုရားပွဲရောက်မှ ဈေးသည်က စုံတာဆိုတော့ ရချင်တာရှိရင် ဘုရားပွဲ ရောက်မှ ဝယ်ရသကိုး။အခုလည်း ဘိုးလှဘော် ဖိနပ်ဝယ်မလို့ ရွှေညာစံ ဘုရားပွဲ လာခဲ့တယ်။ဟိုရောက်တော့ ဖိနပ်ဆိုင် ဝင်ပြီး ဖိနပ်ဝယ်တာပေါ့။
သူ့ခြေထောက်ကလည်းအတော်
ကြီးတော့ သူလိုချင်တဲ့ ဖိနပ်က မရဘူး။ ဒါ့ထက်ကြီးတာလေး ပြပါဦး ဒါ့ထက်ကြီးတာလေး ပြပါဦး ဆိုတော့ ဈေးသည်မကလေးကလည်း ကြာတော့ စိတ်က မရှည်တော့ဘူး။
ဒါနဲ့ လူးစီးတဲ့ ဖိနပ်ကတော့ ဒါအကုန်ပဲတော့ လို့ ပြောလိုက်ရော။
အဲဒီတော့ ဖိုးလှဘော်က သူ့ ခြေထောက်ကြီး ထုတ်ပြပြီး ဈေးသည်မကို နင့်လင်
ခြေထောက်ကြီးကိုလည်း ကြည့်ဦးဟ တဲ့။

Saturday, January 3, 2015

ဖိုးရဲကျား(၇)

ဖိုးရဲကျား(၇)

ကျုပ် အထက်က ပြောခဲ့သလိုပဲ။ဖိုးရဲကျားက မိန်းမက နှစ်ယောက်။အကြီးက ဒေါ်ရွှေင။အငယ်က ဒေါ်ဖွားဇံ။သူ့စာချိုးအတိုင်းဆိုရင်တော့ ပဲကြား ရေပွ ဆားငံ ၊ ရဲကျား ရွေင ဖွားဇံ ပေါ့။တစ်နေ့တော့ ဒေါ်ရွှေငက ကိုရဲကျား တော် ကျုပ်ကို ဖြတ်ချင်လည်း ဖြတ်တော်။ဒါမှ မဟုတ်ရင် ဖွားဇံကို ဖြတ် လို့ဆိုတော့ ဖိုးရဲကျားက ဟာ တောက်တီးတောက်တဲ့ ရွှေငရာ နင်က အကြီး။နင့်ဖြတ်လို့ ဘယ်ဖြစ်ပါ့မတုန်းဟ။ဖွားဇံကိုတော့ ဆက်ပေါင်းရဦးမှာပေါ့ဟ တဲ့

ဗဟုသုတ

လေးပွင့်လည်း မဆိုင်ချင် 
ခြောက်ပွင့်လည်း မဆိုင်ချင်
၁၂ ပွင့်ပြောလိုပြော 
၁၄ပွင့်ပြောလိုပြော
သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး ပြောလိုပြောကြနဲ့ 
တိုင်းပြည်ကြီးကတော့ ကောင်းဖို့ရာ လမ်းမမြင်ဘူး။အပွင့်ပေါင်း ၅၁သန်းနဲ့များ ဆိုင်တော့မလို့လား မသိတော့ပါဘူး။
အခုလည်း KIAနဲ့ချလိုချ TNLO နဲ့ ဆော်လိုဆော်။ကိုးကန့်နဲ့ ချလိုချ ဘိသိတ်ဆရာရဲ့ သီချင်းအတိုင်းတော့ နီးလာပြီပဲ။
တစ်ခြားတိုင်းပြည်တော့ မပြော
တတ်ဘူး။အယူသီးတာလို့ပဲ ပြောချင်ပြောကြတော့။ကျုပ်တို့တိုင်း
ပြည်ကတော့ တဘောင်တွေနဲ့က ကင်းလို့ကို မရဘူး။
သဘင်သည်စကား။ကလေးစကား။အရူးစကား။သီချင်းသည်စကား။အခုခေတ်တော့ အဆိုတော်စကား
ပေါ့။သူတို့သူတို့တစ်တွေရဲ့ စကား
တစ်ခွန်းသီချင်းတစ်စိတ်တစ်ဒေသ
ဟာ အများပြည်သူတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားလာပြီ ဆိုရင်တော့  တိုင်းပြည်ရဲ့ ရှေ့ပြေးနိမိတ်တွေကို
ပြောပြတဲ့ တဘောင်တွေ ဖြစ်လာ
တော့တာပဲ။မယုံမရှိကြလေနဲ့ဗျား။
ညောင်ရမ်းမင်းဆက်ရဲ့ နောက်ဆုံးမင်း လောကသရဖူ ဘုရား ဒါယကာ မဟာဓမ္မရာဇာဓိပတိလို့ခေါ်တဲ့ ဟံသာဝတီရောက်မင်းတရားကြီးလက်ထက်မှာ တစ်တိုင်းပြည်လုံး လှည်းနေ
လှေအောင်းမြင်းဇောင်းမကျန် အကုန်လုံးဆိုကြတာက ကိုချစ်လောက်ရဲ့ အကိုရဲ့ ဖြစ်မှဖြစ်ရလေခြင်းကွယ်။တောင်သမန် ဖျင်းအိုးကွဲ လင်ကိုလင်ခြင်းလဲ ---
စသဖြင့် မင်္ဂလာမရှိလှတဲ့ ငိုချင်းပဲ ဆိုနေကြသတဲ့။တောင်သမန် ဆိုတော့ ကြာသပတေးနံ ဘုရင်ကြီးကို ညွှန်းတာပေါ့။ရှေးတုန်းက ဘုရင်တွေ ဘာနေ့သားလဲ သိချင်ရင် သူတို့တည်တဲ့ ဘုရားရဲ့ ဘွဲ့တော်ကိုသာ ကြည့်လိုက်ရင် သိတာပဲ။ရာဇာမဏိစူဠာတဲ့။ကောင်းမှုတော်ဘုရားကြီးရဲ့ ဘွဲ့တော်။နောက်ဆုံးစကားလုံး ဠာ ဆိုတော့သာလွန်မင်းကြီး ဗုဒ္ဓဟူး
သားပေါ့။လောကသရဖူ ဖူဆိုတော့
ကြာသာပတေးသားပေါ့။
ဖျင်းအိုးကွဲတဲ့ ။တိုင်းပြည်ကြီး ပျက်စီးတော့မှာလို့ ပြောတာ။ဘာမှ မကြာပါဘူး။အင်းဝကို မွန်တွေလာသိမ်းပြီး မဟာဓမ္မရာဇာဓိပတိမင်းကြီး ဟံသာဝတီပါသွားရတာပဲ။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး
မစခင် ခုနစ်လရှစ်လလောက်ကတဲက ကျုပ်ကလေးနှစ်ယောက်နဲ့အရပ်ထဲက ကလေးတွေ အားအားရှိ ဆိုလိုက်ကြ
တာ။
ရဲဘော်တွေတန်းစီ ဗိုလ်ကြီးအီးပေါက်သည်
ရှေ့ပိုင်းကရဲဘော် အီးပေါက်လို့အော်
နောက်ပိုင်းကရဲဘော်
ခါချဉ်ကိုက်လို့အော် တဲ့။
ရှေ့ပိုင်းက ဘုန်းကြီးတွေလည်း အဖမ်းခံရ။နောက်ပိုင်းက ဘုန်းကြီးကျောင်းတွေလည်း ဝင်အစီးခံရ အတင်းအဓမ္မ
ရွာတွေပြန်ခိုင်းခံရ နဲ့။ဘယ်လောက်
်အကျည်းတန်ခဲ့သတုန်း။ကလေးတွေကတော့ ပြောခဲ့တာပဲ ။ကျုပ်တို့မှ မဖော်တတ်တာကိုး။
အခုတော့ ဘယ်ဘိသိတ်ဆရာက ဆိုလိုက်တဲ့ သီချင်းလဲ မသိပါဘူး။လူတွေကြားထဲ ရေပန်း စားလိုက်ပုံများ။
ပေါ်ပေါ်ပေါ် မလုံမလုံ
ရှေ့ကကြည့်လည်း မလုံမလုံ
နောက်ကကြည့်လည်း မလုံမလုံ
အထက်ကကြည့်လည်း မလုံမလုံ
အောက်ကကြည့်လည်း မလုံမလ
ုံမြန်မာမြန်မာဆိုတာ
မယုံရေးချ မယုံတဲ့။
မကောင်းလိုက်တဲ့စကား။ဒါမြန်မာ
ပြည်ပါဆိုတာ မယုံရေးချ မယုံတဲ့။
ဘာတွေများ ဖြစ်လာဦးမှာလဲ။
ချကုန်ကြပြန်တော့မှာလား။ပေါ်ပေါ်ပေါ်ဆိုတော့ လွန်ခဲ့တဲ့ ၂၆နှစ်က ၈၈
ဟာလိုများ ပြန်ပေါ်လာဦးမှာလေလား။
ဲ်မန္တလေးနဲ့ရန်ကုန်မှာ စွယ်တော်
ဘုရားတစ်ဆူဆီတည်တော့ ထွက်လာလိုက်သေးတယ်။
ဘုရားနှစ်ဆူ ဘွဲ့တော်တူ
ပြည်သူလည်းမွဲ တပ်လည်းကွဲ တဲ့။
ရှေးလူကြီးသူမတွေကတော့ တဘောင်ဆိုတာ ဆွေးမှ ပေါ်တာတဲ့။တဘောင်ပေါ်ပြီး လူတွေ မေ့လောက်မှ တဘောင်ထဲကအတိုင်း အမှန်ဖြစ်လာတာတဲ့။
ကဲ ဘာတွေဖြစ်လာဦးမလဲဆိုတာ
တော့ စောင့်ကြည့်ကြရုံပဲ။
တစ်ခုကျန်သေးတယ်ဗျ။
နာမည်လေးက မပန်းမှုံ တဲ့။
သည်စာသားလေးကလည်း နေ့တိုင်းဆိုနေကြတာပဲ။
လူတိုင်းရင်ထဲက မပန်းမှုံလေးကိုပဲံ
ဲ ညွှန်းတယ်ထင်ပါရဲ့။

ဖိုးရဲကျား (၈)

ဖိုးရဲကျား (၈)

ဖိုးရဲကျားလို စွယ်စုံရတဲ့ပုဂ္ဂိုလ်မျိုး ကျုပ်တော့ အခုထိ မတွေ့ဖူး
သေးဘူးဗျ။ဆေးမီးတို။ဗိန္ဓော။ဗေဒင်။ယတြာ။အတိတ်နိမိတ်။စုံလို့။ရွာထဲကလူတွေလည်း ကိစ္စ တစ်ခုကြုံ သူ့ဆီ သွားရတာပဲ။ကျုပ် သူ့ဆီသွားလည်
ရင်ပဲဖြစ်ဖြစ် ကျုပ်တို့အိမ်
လာရင်ပဲဖြစ်ဖြစ် ကျုပ်ကို ဗေဒင်လေးမှတ်ခိုင်းလိုက်။ရှေးက သိုက်စာတွေ တဘောင်တွေ မှတ်ခိုင်းလိုက်ဆေးမီတိုလေးမှတ်ခိုင်းလိုက်နဲ့ဗျ။
ကျုပ်အခု မိတ်ဆွေတို့ကို ဖိုးရဲကျားပေးတဲ့ ဒါဏ်ရာ သွေးတိတ်အောင် မန်းတဲ့နည်း ပြောပေးမလို့။တစ်ခုခုနဲ့ ခိုင်းမိလို့သွေးထွက်ရင် ဒါဏ်ရာပေါ်ကို ၃၇ခါ မန်းပေးရမယ်တဲ့။မိတ်ဆွေတို့ စမ်းကြည့်ကြပေါ့လေ
ဥုံ ဖိုးသူတော်လထိပ် တိတ်ဆရာတိတ်။

တဲ့။ ကဲ ဘယ်လောက်လွယ်တုန်း။
ဒါဏ်ရာပေါ်ကို မန်းပြီး တံတွေးနဲ့ ဖတ်ဖတ် လုပ်ရတာပေါ့။ဒါပေမယ့် မန်းတဲ့စကားလုံး မှားရင်တော့ မန်းလေပြဲလေ ဖြစ်တတ်တယ်နော်။အဖိုးက သေချာ မှာထားတာ။ငါ့မြေး ဒီလို သွား မမန်းနဲ့တဲ့။
ဥုံ ဖိုးသူတော်လဗြဲ ပြဲဆရာပြဲ။
လိုအပ်သလို သုံးကြပါလေကုန်။

ဖိုးရဲကျား(၉)

ဖိုးရဲကျား(၉)

ဖိုးရဲကျားက စကားလေးပြောလိုက်ရင် နဘေထပ်နဲ့ ပြောလေ့ရှိတယ်ဗျ။စဉ်းစားနေတာ မဟုတ်ဘူး၊တစ်ခါတည်း လက်တန်းစပ်ပြော သွားတာဗျ၊။ကျုပ်အိမ်နားက မကြည်တင်က သူ့အိမ်က နွားကို ဆေးကုပေးလို့ ပိုက်ဆံ့လေးပေးတော့ မယူရှာဘူး။မကြည်တင်က ဇွပ်ထည့်ပေးတော့ ဟဲ့ ကြည်တင်ရဲ့ မပေးပါနဲ့ဆို မခက်တခက်နဲ့ကွယ် အရက်တစ်ခွက်ပေမယ့် နင့်အိမ်လာရင် သောက်ရသေးတာဟ တဲ့။
ကျုပ်တို့ကလေးတုန်းက ဆိုတော့ မဆလခေတ်ကိုး။ တောင်သူတွေ ရွာသားတွေ အတော် ဒုက္ခရောက်ရှာကြသကိုး။ခေတ်ကလည်း မကောင်းတော့ ဖိုးရဲကျားက ညည်းရှာတယ်။ခေတ်ကာလကလည်း မကောင်းဘူး။ငွေရရင်
်ရွှေငတောင် ရောင်းလိုက်ချင်သေးတဲ့။
သူ့မိန်းမတောင် ရောင်းလို့ရရင် ရောင်းချင်သေးသတဲ့။
ဟိုတလောကတော့ သူရိယနေ၀န်းဂျာနယ်ထဲက ဆောင်းပါးလေးဖတ်မိတော့ ကျုပ် ဆယ့်လေးငါးနှစ် အရွယ်တုန်းက ဖိုးရဲကျား ရွတ်ပြတဲ့ တဘောင်ကို သတိယမိတယ်ဗျ။သူရိယနေ၀န်းထဲက သံခမောက်လေးယောက်နဲ့ ဖိုးရဲကျားပြောပြတဲ့ တဘောင်နဲ့က နည်းနည်းလေး ကွဲနေတယ် ထင်ပါရဲ့။ကောင်းတာကတော့ အကောင်းချည်းပါပဲ။တိုင်းပြည်ကိုကယ်တင်မယ့် သံခမောက်ဆောင်း လူစွမ်းကောင်း လေးယောက်များ လာဦးမယ် ထင်ပါရ့။ဲငါ့ မြေး အခု အဖိုးရွတ်ပြတာတွေ ကျက်ထားစမ်းကွဲ့။ဒါတွေက မလာသေးဘူး။နောက်မှ လာမှာတဲ့။အဲဒီကြရင် တိုင်းပြည်က ချမ်းသာလာမှာကွ တဲ့။အဖိုးက ကျက်ထားဆိုလို့ ဆိုကောင်းကောင်းရှိတိုင်း ဆိုလာခဲ့တာ အဖိုးစာထဲက ဒဿသက္ကရာစ် ဆိုတာ ဘာလဲဆိုတာ အဖိုးကို မမေးမိခဲ့ဘူး။အဖိုးကလည်း သေတာ အနှစ် ၂၀ကျော်ပြီ။ကျုပ်လည်း အဲဒီ စာတစ်လုံးထဲနဲ့ ခေါင်းမူးလာတာ အနှစ် ၃၀ကျော်ခဲ့ပေါ့။ကျုပ်တစ်ယောက်ထဲ ဦးဏှောက်ခြောက်ခဲ့ရတာ အခု ဒီဖွဘုတ်ကြီး ပေါ်လာမှပဲ ကျုပ်သူငယ်ချင်းတွေကို ၀ိုင်းပြီး ဦးဏှောက် ခြောက်ခိုင်းရတော့တယ်။ကျုပ်လည်း တဘောင်တွေကို စိတ်ဝင်စားလွန်းလို့ အကုန်လျှောက်ဖတ်တာ ထွက်ခဲ့သမျှတဘောင်ကတော့ အကုန် မှန်ခဲ့တာချည်းပဲဗျ။အခုလည်း ဒီတဘောင်ကို အမြန်ဆုံး မှန်စေချင်လှပြီဗျာ။တိုင်းပြည်ကလည်း ဦးပုညစာထဲကလို အမွဲတကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင် ဖြစ်နေတာမို့။
ဒဿ သက္ကရာဇ် သိမ်းသည့်နှစ်တွင်
ရှင်ကျက်ပရမာ မင်းလောင်းလာသည်
သက်သာပန်းတောင်း မြို့တကောင်း
မြို့ဟောင်းမြို့သစ် တည်လိမ့်မည်။
လူစွမ်းကောင်းလေးယောက် သံခမောက်နဲ့
နောက်လိုက်အတူ ပါလိမ့်မည်။
သူတော်ယောင်ဟန် ဖန်ဆင်းကူလို့
သိကြားမင်းက ဆင်ဖြူသုံးစီး မြင်းပျံကြီးနဲ့
အပြီးဆက်သ လာလိမ့်မည်။
တစ်စီးရှင်က ပိဋကတ်ပေစာတင်
တစ်စီးရှင်က ဘုရင်တက်စီး
တစ်စီးရှင်က ဇနီး မိဖုရား စီးလိမ့်မည်။
နန်းတက်ပြီးကာ တိုင်းပြည်မှာ
ရတနာရွှေမိုးငွေမိုး ရွာလိမ့်မည်။
တစ်ရာ့တစ်ပါး လူမျိုးများ
စား၍မကုန် ပေါလိမ့်မည် တဲ့။
ကျုပ်လည်း ဖိုးရဲကျားက ကျက်ထာစမ်း ငါ့မြေးဆိုလို့ ကျက်ခဲ့ရတဲ့ တဘောင်ပဲ။ဘယ်တော့များ လာမှာလည်းတော့ မသိတော့ဘူး

သွားလရောဟဲ့ ၂၀၁၄

သွားလရောဟဲ့ ၂၀၁၄
ဗန်းမော်ဆရာတော်ကြီးဆီ
တကာနှစ်ယောက် ရှေ့ဆင့်
နောင်ဆင့် ဆွမ်းစားလာပင့်တော့ 
ဆရာတော်က မိန့်တယ်။
တစ်ခါတုန်းက ဘုန်းတော်ကြီး
တစ်ပါးဆီကို ဆင်းရဲသားတစ်ကာ တစ်ယောက်က ဆွမ်းစား
လာပင့်တယ်။အဲဒီအချိန်မှာပဲ သူဌေးတကာတစ်ဦးက ဆွမ်းစား
လာပင့်တယ်။ဝိနည်းအရဆိုရင်တော့ အရင်လာပင့်တဲ့ဆီကို လိုက်ရမှာပေါ့။
ဒါပေမယ့် ဘုန်းကြီးက ဆင်းရဲသား
တကာနောက်လိုက်ရင် ချဉ်ပေါင်
ဟင်းပဲ စားရမှာ။သူဌေးတကာနောက်
လိုက်မှ ဝက်သားဟင်းစားရမှာ လို့ စဉ်းစားမိတာကိုး။ဒါနဲ့ ဘုန်းကြီးက မင်းတို့နှစ်ယေက် က ဆွမ်းစား
လာပင့်တာ တူနေတော့ ဘုန်းကြီး
လည်း မဆုံးဖြတ်တတ်တော့ဘူး။
အဲဒီတော့ ဘုန်းကြီးက အလယ်က
ရပ်နေမယ်။တကာတို့နှစ်ယောက်က တစ်ဘက်ဆီကနေ ဘုန်းကြီးလက်ကို ဆွဲကြကွာ။နိုင်အောင်ဆွဲနိုင်တဲ့လူ
နောက်ကို ဘုန်းကြီးလိုက်မယ် တဲ့။
ဒါနဲ့ တကာနှစ်ယောက်လည်း လက်တစ်ဖက်ဆီကနေကိုင်ပြီး ဆွဲကြတာပေါ့။ဘုန်းကြီးကလည်း ချဉ်ပေါင်ဟင်းတကာဆီပါမှာစိုးတော့ ဝက်သားတကာဘက်ပါအောင် ခြေထောက်နဲ့ ကန်ကန်ပြီး ရုန်းသတဲ့။ကြာတော့ နှစ်ယောက်နဲ့ တစ်ယောက်ဆိုတော့ ဘယ်လိုမှ မနိုင်တော့ ဆင်းရဲသားတကာက
ချဉ်ပေါင်ကိုအာခံ ဝက်သားကို ခြေကန်ရုန်း သွားရော့ဟဲ့ ကတုံး ဆိုပြီး လွှတ်ပစ်လိုက်သတဲ့။
ကျုပ်လည်း အခုတော့ ဗန်းမော်ဆရာတော်ကြီးလိုပဲ ပြောချင်လှပေါ့။
ရခိုင်ကို မီးမွှေး
မိတ္ထီ/လားကို မီးရှို့
မန္တလာကို ကာဖြူးထုတ်
ဒီမိုကို အာခံ
သံဃာတော်တွေကို ဗုံးနဲ့ထု
ံ်ပြည်သူကို ရန်ပြု
၄၃၆ကို အန်တု
ခြေဥကို ပြင်မပေး
ခရိုနီကို ကျားကန်ပေး
လေးပွင့်လည်းဆိုင်မပေး
ပေါက်ဖေါ်ကြီးကို ဖင်ပေး
သွားလရောဟဲ့ ၂၀၁၄ ။
လို့သာ ဆိုလိုက်ချင်တော့တယ်။
မြန်မာပြည်သူပြည်သားများ ၂၀၁၅မှာ လိုချင်တဲ့ ပန်းတိုင်ဆီ ချောမွေ့စွာ လျှောက်လှမ်းနိုင်ကြပါစေ။